ကားအက်စီးဒန့်ဖြစ်ပြီးနောက် ဝမ်လီ (Wen Li) တစ်ယောက် အိပ်ရာထဲလဲနေတဲ့ လူမမာဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာ သူမနဲ့ သွေးမတော်သားမစပ်တဲ့ ဦးလေးဖြစ်သူ ဖူကျန့် (Fu Zheng) က သုံးနှစ်တိုင်တိုင် ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။ သူမ မသေဆုံးခင်မှာ ဖြစ်ချင်ခဲ့တဲ့ တစ်ခုတည်းသောဆန္ဒကတော့ ညဘက်ဆို မျက်ရည်တွေကိုအောင့်အည်းပြီး ငိုကြွေးတတ်တဲ့ အဲဒီလူကြီးကို ဖက်ထားပေးဖို့ပဲ ဖြစ်ပါတယ်။
အသက် (၁၈) နှစ်အရွယ်ကို ပြန်လည်ဝင်စားလာတဲ့အခါမှာတော့ ဝမ်လီတစ်ယောက် ဖူကျန့်ရဲ့ ထိန်းချုပ်ထားရတဲ့ မေတ္တာတွေကို ပြန်လည်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမရဲ့ ရုတ်တရက် နီးကပ်လာမှုတွေကြောင့် အမြဲတမ်းတည်ငြိမ်ပြီး အမြော်အမြင်ရှိတဲ့ လူကြီးမင်းမှာ အကျပ်ရိုက်ပြီး နားရွက်တွေပါ နီရဲလာတဲ့အထိ ဖြစ်ခဲ့ရတာပေါ့။
ဝမ်လီက သူမရဲ့ အပြစ်ကင်းစင်တဲ့ မျက်ဝန်းဝိုင်းကြီးတွေနဲ့ ကြည့်ပြီး "ဦးလေး... ကျွန်မကို လက်ထပ်နိုင်မလားဟင်" လို့ ရိုးရိုးသားသားလေး မေးလိုက်တဲ့အခါ...
"ဒီနေ့တော့ မဖြစ်သေးဘူး၊ မနက်ဖြန်ဆိုရင်တော့ ရတယ်" တဲ့။
နောက်ဆုံးမှာတော့ ဖူမိသားစုရဲ့ ခေါင်းဆောင်ကြီးဟာ ဝမ်မိသားစုက ကောင်မလေးရဲ့ လက်ခုပ်ထဲကရေ ဖြစ်သွားခဲ့ပြီဆိုတာ တစ်မြို့လုံး သိသွားကြပါတော့တယ်။
No related movies found